Christian Education

ဓမ္မပညာဌာန၏ ရည်ရွယ်ချက်များမှာ –

၁) စင်ကာပူရောက် မြန်မာတိုင်းရင်းသား ခရစ်ယာန် ကလေးသူငယ်များနှင့် မိသားစုများ ဝိညာဉ်ရေးရာ ရင့်ကျက် ကြီးထွားရန်။

၂) ကလေးသူငယ်များ ငယ်ရွယ်သော အရွယ်မှ စတင်ပြီး ကယ်တင်ခြင်း စိတ်ချမှုရှိရန်။ မိမိ၏ ဖန်ဆင်းရှင် ထာဝရ မြတ်ဘုရားသခင်နှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်။

၃) ဆယ်ကျော်သက်အရွယ် လူငယ်များ လမ်းမှန်ရောက်ရှိရန်။ အသင်းတော် လုပ်ငန်းများနှင့် သမ္မာတရား၌ ကျင်လည် ပျော်မွေ့တတ်ရန်။

အထက်ပါရည်ရွယ်ချက်များအတိုင်း ဥပုသ်စာဖြေ အတန်းများကို တနင်္ဂနွေနေ့ နေ့လည် ပိုင်းတွေ အပတ်စဉ် မပျက်မကွက် သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် Day Camp, Overnight Camp,  Outdoor Bonding Activities များစွာဖြင့် ကလေးသူငယ်များ အသင်းတော်၌ ပျော်မွေ့၍ အသင်းတော်မိသားစုနှင့် ရင်းနှီးကျွမ်းဝင်အောင် အရှိန်အဟုန်ကြီးစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။

Christian Education Upcoming Activities 

၂၀၂၅ Sunday School Camp ကို ဇွန်လ ၁၁ မှ ၁၃ အတွင်း ပြုလုပ်ရန်ရှိပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။